YouTube channel hack ခံရလို့ဆိုပြီး ကျွန်တော်တို့ဆီခဏခဏ အလုပ်လာအပ်တာတွေရှိပါတယ်။ ပြန်ရတာလည်းရှိသလို ပြန်မရတော့တာတွေလည်းရှိပါတယ်။ ပြန်မရတာအများစုက (၆) လ (၁)နှစ်လောက်ကြာပြီးမှ လာဆယ်ခိုင်းတာတွေပါ၊ တကယ်တော့ ဖြစ်ဖြစ်ချင်း ချက်ချင်းပြန်ဆယ်ကြိုးစားရင် ရနိုင်ချေပိုများပါတယ်။
အမှန်က Hack ခံရတယ်ဆိုတာလည်းမဟုတ်ပါဘူး၊ ကိုယ့်ရဲ့ လုံခြုံရေးအသိအားနည်းမှုကို အခွင့်အကောင်းယူပြီး လက်တည့်စမ်းတဲ့ ဂျလုံးပလုံးလေးတွေရဲ့လက်ချက်ပါ၊ hacking အဆင့်မဟုတ်ပါဘူး၊ နောက်တမျိုးကတော့ လူယုံဆိုတဲ့သူတွေသတိထားပါ၊ artist တွေပိုသတိထားပါ၊ ကိုယ်ကအလုပ်ရှုပ်နေလို့ ကိုယ့်ရဲ့ဘယ်သူဘာညာကို ဖုန်းပေးသုံးတာမျိုးတွေပေါ့၊ အခြားဒေတာတွေလည်းပေါက်တတ်ပါတယ်။(ကြုံဖူးလို့ပြောတာနော်)
▶︎အခိုးမခံရအောင်ဘယ်လိုကာကွယ်မလဲ?
YouTube Channel တစ်ခု အခိုးခံရတယ်ဆိုတာ YouTube Channel နဲ့ ချိတ်ဆက်ထားတဲ့ Email Account လုံခြုံမှုအားနည်းမှုကြောင့်ဖြစ်နိုင်ပါတယ်။
ကာကွယ်နိုင်ဖို့အတွက် Channel နဲ့ သက်ဆိုင်တဲ့ Email Account တွေကို 2 Step Verification အသုံးပြုပါ၊ ကျွန်တော်ကတော့ Authenticator App တခုခုကိုသုံးတာပိုကြိုက်တယ်၊ (Safe အဖြစ်ဆုံးနည်းလမ်းလို့ ခံယူပါတယ်) operator တွေကိုလည်းသိပ်မယုံချင်ဘူးလေ 😁 Recovery Email ၊ Recovery Phone Number များ ထည့်သွင်းထားပါ။ ကိုယ့်ထည့်ထားသမျှ အချက်အလက်တွေလည်းမှတ်သားထားဖို့လိုပါတယ်။ YouTube Channel အတွက်သုံးတဲ့ Mail နဲ့ public ကိုပေးမယ့် mail address ခွဲထားပါ၊ YouTube Channel Create လုပ်ထားတဲ့ mail ကို device ပေါင်းစုံဝင်မထားပါနဲ့၊ တချို့တွေဆိုရင် tablet တွေမှာရော၊ လက်တော့ပ်မှာကော၊ ရှိသမျှ ဖုန်းအကုန်ဝင်ထားတာ၊ ယိုပေါက်တွေက မနည်းမနှောပဲ၊
နောက်တခုကတော့ ကိုယ်မသိတဲ့လိပ်စာကပို့လာတဲ့ link တွေ မဝင်မိပါစေနဲ့။ messenger ကနေလည်းပို့တတ်သလို email / viber / whatsApp/ telegram အစရှိတဲ့နေရာပေါင်းစုံကနေလည်း link တွေပို့တတ်ပါတယ်။ ဘယ်သူ့ရဲ့ HD ဘာညာဆိုပြီးလည်း link တွေကိုဝင်ဖို့ ဆွဲဆောင်တတ်တာမို့ ညီကိုတွေ ဂရုပြုပါ၊ အရမ်းကြီးအပင်ပန်းမခံပါနဲ့။ အချိန်တန်ရင်အလွယ်တကူကြည့်လို့ရမှာပါ 😁
▶︎အခိုးခံလိုက်ရပြီဆိုရင် ..?
ကိုယ့်ရဲ့ YouTube Channel မှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဥပမာ – Setting တွေပြောင်းလဲနေတာ ၊ Channel Description တွေ ပြောင်းလဲနေတာ ၊ ကိုယ်မတင်ထားတဲ့ video တွေရောက်နေတာမျိုးက အခိုးခံလိုက်ရပြီဆိုတော့ အနေအထားပါပဲ။
YouTube Channel နဲ့ ချိတ်ဆက်ထားတဲ့ Email Account ကို ကိုယ်သုံးလို့ရနေသေးတယ်ဆိုရင် ပထမဆုံး Password အသစ်ပြောင်းပါ။ Password အသစ်ကို သေချာမှတ်ထားပြီး တခြား device တွေ အားလုံးကနေ Log out လုပ်ပါ။ (အမြန်လုပ်ရပါမယ်နော်)
ကိုယ့်ရဲ့ Email Account ကို ဝင်လို့မရတဲ့ အခြေနေဆိုရင်တော့ အောက်မှာပေးထားတဲ့ Link ထဲက ညွှန်ကြားချက်အတိုင်း လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပြီး တစ်ဆင့်ချင်း Account Recovery လုပ်ဖို့ကြိုးစားကြည့်ပါ။
🚨 https://accounts.google.com/signin/v2/recoveryidentifier?theme=mn&flowName=GlifWebSignIn&flowEntry=AccountRecovery
Email Account တော့ ပြန်ရတယ်၊ YouTube Channel ကိုတော့ ဝင်မရဘူးဆိုရင်တော့ လုံခြုံရေးသံသယနဲ့ Channel ကို Terminate လုပ်ခံရတာမျိုးဖြစ်တတ်ပါတယ်။ Email ထဲကို တချက်ဝင်စစ်ကြည့်ပါ၊ ဘာကြောင့်ဆိုတာ YouTube မှ ဆက်သွယ်ထားသော Email ကို ရှာပြီး အကြောင်းရင်းကို ခွဲခြားပါ။ Channel ကို Access ပြန်ရဖို့အတွက် အောက်က Link ထဲတွင် Appeal Form ဖြင့် Google ကို Request လုပ်ကြည့်နိုင်ပါတယ်။
🚨 https://support.google.com/accounts/contact/suspended?sjid=2964551830872091672-AP&visit_id=638456633951958024-395352326&p=google_acct_appeal&rd=1
▶︎Account ကိုပြန်ယူလို့မရတော့ဘူးဆိုရင် ?
account ကိုဘယ်လိုမှ recovery ပြန်လုပ်လို့မရတော့ဘူးဆိုရင်တော့ Google ကို Report တင်တဲ့နည်းလမ်းကို အသုံးပြုရပါမယ်။
ဒီ Link မှာ သူတောင်းတဲ့ information တွေထည့်ပြီးကြိုးစားကြည့်နိုင်ပါတယ်။
🚨 https://support.google.com/youtube/contact/report_youtube_hijacking
စာရှည်သွားပြီးဆိုတော့ ဒီလောက်ပါပဲ၊ အခုရေးပေးထားတဲ့အတိုင်းကိုယ်တိုင်လိုက်လုပ်ကြည့်ပါ၊
မရရင်တော့ innofective ရဲ့ premium service ကိုလာအပ်ပေါ့ဗျာ။ 😊
Leave a Reply