YouTube ကဝင်တဲ့ဝင်ငွေ ကိုယ့်ဆီဘယ်အချိန်ရောက်မလဲ?
ကိုယ့် channel က singapore region နဲ့ monetization လျှောက်ထားတယ်ဆိုရင် စင်္ကာပူဒေါ်လာ ၁၅၀ ပြည့်တိုင်း YouTube ကကိုယ့်ကိုငွေရှင်းပေးပါတယ်။ US$ based region တွေဆိုရင်တော့ ဒေါ်လာ ၁၀၀ ပြည့်ရင်ရှင်းပေးပါတယ်။
ဘယ်လိုရှင်းပေးလဲ?
ဥပမာအနေနဲ့ YouTube က ပြီးခဲ့တဲ့ ဒီဇင်ဘာလရဲ့ဝင်ငွေကို အခုဇန်နဝါရီလမှာရှင်းပေးပါတယ်။ ကိုယ့်ရဲ့ YouTube studio ထဲမှာမြင်နေရတဲ့ ဒီဇင်ဘာလရဲ့ဝင်ငွေကို ဇန်နဝါရီလ (၇) ရက်နေ့ကနေ (၁၂) ရက်နေ့အတွင်း google adsense ထဲကိုထည့်ပေးပါတယ်။ လစဉ်လတိုင်း (၇) ရက်နေ့ကနေ (၁၂) ရက်အတွင်း မပျက်မကွက်ထည့်ပေးတာပါ။
google adsense ဆိုတာ google payment system တခုပါ။ youtube monetization လျှောက်တဲ့အခါ အဓိကအချိန်ပေးလျှောက်ရတဲ့ payment system တခုဖြစ်ပါတယ်။ Google Adsense ထဲရောက်လာတဲ့ငွေက YouTube က ကိုယ့်ကို အမှန်တကယ်ပေးမယ့်ဝင်ငွေဆိုပေမယ့် ကိုယ့် Channel ကို US ကကြည့်ရှူတဲ့နှုန်းပေါ်အခြေခံပြီး Withholding Tax ဖြတ်ဦးမှာပါ။ ကိုယ့်ဘဏ်အကောင့်ထဲကို ရောက်လာတဲ့ငွေအမောင်ကသာလျှင် ကိုယ်အမှန်တကယ်ရရှိမယ့်ငွေဖြစ်ပါတယ်။ 😁
ကိုယ့်ဘဏ်အကောင့်ထဲကို ငွေဘယ်အချိန်ရောက်မလဲ?
လစဉ်လတိုင်း (၂၁) ရက်နေ (၂၆) ရက်အနေ့အတွင်း google adsense ကနေ ကိုယ့်ရဲ့ဘဏ်အကောင့်ထဲကိုငွေထည့်ပေးပါတယ်။ ရုံးပိတ်ရက်မခံရင် ၂၄/၂၅ လောက်လည်းငွေဝင်လာတတ်ပါတယ်။ ဒီလဆိုရင် innofective အကောင့်ထဲကို (၂၄) ရက်နေ့ကတည်းက အကုန်ဝင်လာပါတယ်။
လိုရင်းတိုရှင်းမှတ်ချင်ရင်တော့ လစဉ်လတိုင်း (၂၀) ရက်ကျော်တာနဲ့ ငွေဝင်ပါလိမ့်မယ်။ နောက်အကျဆုံး (၂၈) ရက်နေ့အထိပဲ ကြုံဖူးပါတယ်။ ဒါပေမယ့် YouTube ကသက်မှတ်ထားတဲ့အနည်းဆုံးဝင်ငွေပြည့်မှ ငွေဝင်မှာနော် 😊
Leave a Reply